Posts

Showing posts from January, 2021

count on me

 

ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေး အသနားခံစာ

Image
 လူဦးရေနှစ်သောင်းလက်မှတ်ရေးထိုးထားသည့် ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေးအသနားခံစာကို နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ထံ ပေးပို့  =================================================== ဧရာဝတီလင်းပိုင်များနှင့် ရေချိုသယံဇာတများကို အရှိန်အဟုန်မြှင့် ထိန်းသိမ်းရေးကို အလိုရှိသူ (၂၀,၀၀၀) ဦး လက်မှတ်ရေးထိုးထားသော အသနားခံစာကို နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်၊ နိုင်ငံတော် သမ္မတ နှင့် ပြည်ထောင်စု လွှတ်တော် ဉက္ကဌတို့ထံ ပေးပို့တင်ပြလိုက်ပြီဖြစ်ကြောင်း Nature Advocacy မှ ဇန်နဝါရီလ ၁၁ ရက်ကသိရသည်။  ဩဂုတ်လဆန်းပိုင်းမှ စတင်၍ Nature Advocacy အဖွဲ့မှ campaign director မှ ဦးဆောင်၍ မြန်မာ နိုင်ငံတွင် အခြေချ လုပ်ကိုင်လျက်ရှိသော သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ပညာရှင်များ၊ ဉပဒေ ပညာ ရှင်များ၊ မီဒီယာပညာရှင်များအား နှင့် တောရိုင်းတိရစ္ဆာန်ကာကွယ်ထိန်းသိမ်းရေး တက်ကြွလှုပ် ရှားနေသူ ခေါင်းဆောင်များအား တစ်ဦးချင်းစီ တွေ့ဆုံ၍ ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေးနှင့်ပတ်သက် သော ကောင်းနိုး ရာရာ အကြံပြုချက်များကို ရယူခဲ့ပြီး ထို အကြံပြုချက်များကို စုပေါင်း၍ အသနားခံစာ ကို ရေးသားကာ ပေးပို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ "ဧရာဝတီလင်းပိုင်တွ

နရသီဟပတေ့ရဲ့ နောက်ဆုံးဆုတောင်း

Image
  နရသီဟပတေ့ရဲ့ နောက်ဆုံးဆုတောင်း """""""""""""""""""""""""""📝📝📝📝📝📝 တရုတ်ဧကရာဇ်က နရသီဟပတေ့ထံက  အခွန်ဘဏ္ဍာ တောင်းခံဖို့ သံအဖွဲ့ စေလွှတ်လိုက်တယ်။ ဒါကို နရသီဟက စိတ်ဆိုးပြီး သံအဖွဲ့ကိုအကုန် သတ်စေ အမိန့်ချခဲ့တယ်။  အမတ်တွေကတော့ သံတမန်ကို သတ်တဲ့အလေ့ မရှိကြောင်း ပြောကြပေမယ့် မင်းကြီး နားမထောင်ပါဘူး။ အဲ့ဒီမှာ တရုတ်သံအဖွဲ့ကို သတ်ပစ်တဲ့အတွက် တရုတ်စစ်တပ်ကြီးပုဂံကို စစ်ချီလာခဲ့ပါတော့တယ်။  ချီတက်လာတဲ့ တရုတ်စစ်တပ်ကို ပုဂံသားတို့ ငဆောင်ချမ်း အရပ်ကနေ ခံတပ်ဆောက်ပြီး ဆီးကြိုတိုက်ပါတယ်။  တရုတ်တို့ လူဘယ်လောက် သေသေ ရှေ့တိုးလာတယ်လို့ ဆိုတယ်။ ဒါနဲ့ နောက်ဆုံး ငဆောင်ချမ်းတရုတ်လက် ကျသွားခဲ့တယ်။  အဲ့ဒီမှာ နရသီဟပတေ့ ဆင်ခြင်မိတာက  ပုဂံကနေ တရုတ်ကို ခံတိုက်ရင်ခံနိုင်မည် မဟုတ်။ မြို့ကကျဉ်း၊ အနိမ့်ပိုင်းလည်း ကျတဲ့အတွက် အကုန်ပျက်စီးရလိမ့်မယ်။ ဒါကြောင့် ရွာသာဘက်မှာ ခံတပ်ဆောက်ပြီး တိုက်ဖို့စီစဉ်တယ်။ အုတ် အလုံအလောက် မရှိတဲ့အတွက်  ဘုရားတွေ၊ ဂူတွေ၊ ကုလားကျောင်းတွေ ဖျက်ပြီး အုတ်ကို ယူပါတယ

ပန်းဆိုးတန်းက သေနတ်ဆိုင်

Image
  "ပန်းဆိုးတန်းက သေနတ်ဆိုင်" =================================== ဖယ်ယာလမ်း(phayre street) လို့ အရင်က ခေါ်တဲ့ ပန်းဆိုးတန်းလမ်းမှာ ထင်ရှားတဲ့ အဆောက်အအုံ တွေ အများကြီးရှိပါတယ်။Sofaer အဆောက်အအုံ တွေ၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ Irrawaddy Flotilla စတဲ့ အထင်ကရနေရာတွေ။ ကျယ်ကျယ် လွန့်လွန့်ရှိပြီး သာသာယာယာလမ်းလျှောက်နိုင်တဲ့ပန်းဆိုးတန်းလမ်း။ လမ်းလျှောက်ရင်းနဲ့ ကိုယ့်ကိုကိုယ်သမိုင်းထဲမှာ နှစ်မြှုပ် ထားလို့လည်း ရပါတယ်။ ပန်းဆိုးတန်းဆိုတဲ့လမ်းအမည်က သူ့အနီးအနားမှာ နေ တဲ့ သူတွေရဲ့ အလုပ်အကိုင်ကြောင့် အဲဒီ အမည် နာမ အသုံးတွင်လာခဲ့တာပါ။ မြန်မာစကားလုံး အဓိပ္ပါယ်အရ "ပန်းဆိုးတန်း" ဆိုတာ အဝတ်အစားတွေဆေးဆိုးပန်းရိုက်လုပ်တာကို ဆိုလို ပါတယ်။ ဆေးဆိုးပန်းရိုက်လုပ်ငန်း လုပ်ကိုင်သူတွေနေ တဲ့လမ်း၊ ပန်းဆိုးတန်းလမ်းပေါ့။ နောက်ပိုင်းတော့ ဒီလမ်းကို အောက်မြန်မာပြည် ကော်မရှင်နာ မင်းကြီး ဆာအာသာဖယ်ယာကို အစွဲ ပြုပြီး ဖယ်ယာလမ်း လို့ အမည်ပြောင်းခဲ့ပါတယ်။ လမ်းရဲ့ အပေါ်ဘလောက်မှာ ပြဇာတ်ရုံတွေ ရှိလာပေမဲ့လို့ လူတွေကလမ်းကို ပန်းဆိုးတန်း လို့သာပိုပြီး ခေါ်ဆိုခဲ့ကြတယ်။ အဲဒီ ပန်းဆိုးတန်းလမ်းပေါ်မှာ လက်နက်နဲ့ ခဲယမ်း မီးက
Image
 ကမ္ဘာဂြိုဟ်သည် မကြာသေးမီအချိန်က ပိုမိုမြန်ဆန်စွာ လည်ပတ်နေခဲ့ကြောင်းသိရ။ ====================================         ကမ္ဘာတစ်ဝှမ်းရှိ သိပ္ပံပညာရှင်များက ကမ္ဘာဂြိုဟ်သည် မကြာသေးမီအချိန်က ၎င်း၏ဝင်ရိုးပေါ် တွင်ပိုမိုမြန်ဆန်စွာ ရွေ့လျားနေသည်ဟု မှတ်ချက်ပြုခဲ့ကြပါတယ်။ ၎င်းရွေ့လျားလည်ပတ်မှု သည် မှတ်တမ်းတင်ထားခဲ့သည့်သမိုင်းတလျှောက် အမြန်ဆုံး လည်ပတ်မှု ဖြစ်ခဲ့တာပါ။ သိပ္ပံပညာရှင်အတော်များများက စာနယ်ဇင်းကို ဒီလိုထူးဆန်းတဲ့ဖြစ်ရပ်တွေအကြောင်း ပြောပြခဲ့ကြပြီး အချို့က ဒီလွန်ခဲ့သောနှစ်ကာလတွေမှာ မှတ်တမ်းတင်ထားသည့်တစ်လျှောက် အတိုတောင်းဆုံးနေ့ရက်တွေ ဖြစ်ပေါ်ခဲ့တာ အတွက် အဖြေရှာဖို့ကြိုးစားနေကြပါတယ်။          လူသားတို့၏သမိုင်းကြောင်းအရ အချိန်ကို ၂၄ နာရီ နေ့ / ညသံသရာ လည်ခြင်း ဖြင့် သတ်မှတ်ထားတာဖြစ်ပါတယ်။ ထိုသံသရာလည်ခြင်းက ကမ္ဘာဂြိုဟ်သည် ၎င်း၏ဝင်ရိုးပေါ်တွင် လည်ပတ်သည့်အရှိန်ပေါ်တွင် မူတည်နေတာဖြစ်ပါတယ်။        ထိုအချက်ကြောင့်ပဲ တစ်နေ့တာ၏ကြာချိန်သည် စံပုံစံဖြစ်လာပြီး နေ့ရက်တိုင်းသည်  ခန့်မှန်းခြေအားဖြင့် ၂၄ နာရီ (သို့) စက္ကန့် ၈၆,၄၀၀ (ရှစ်သောင်းခြောက်ထောင့်လေးရာ) စက္ကန့်အထိ ကြာမြင့်တာဖြစ်ပါတယ်။ နေ့နှင့်ညသံသရာသ

ပထမဦးဆုံး မြန်မာ Font ဖြစ်တဲ့ Ava font ကို တီထွင်ခဲ့သူ

Image
  ကွန်ပျူတာမှာ မြန်မာလို ရိုက်နိုင်တဲ့ ပထမဦးဆုံး မြန်မာ Font ဖြစ်တဲ့ Ava font ကို တီထွင်ခဲ့သူ လန်ဒန်တက္ကသိုလ် မြန်မာစာဌာနမှူး (ငြိမ်း) ဆရာ John Okell ဖြစ်ပါတယ်။ ဆရာကြီးရဲ့ မြန်မာအမည်က ဦးလှသိန်းဖြစ်ပေမယ့် ရင်းနှီးသူတွေက ဆရာကြီးရဲ့အမည် Okell ကိုအသံဖလှယ်ပြီး ဆရာအုတ်ခဲလို့လည်းခေါ်လေ့ရှိပါတယ်။ Apple ကွန်ပျူတာတွေမှာ အသုံးပြုဖို့ ‘Ava Laser' Font ကို ၁၉၈၉ ခုနှစ်မှာ ပြုစုပေးခဲ့ပါတယ်။ မြန်မာမှု၊ မြန်မာစာ၊ မြန်မာစကား သင်ကြားရေးမှာ အထူးစွမ်းဆောင်ခဲ့ပြီး ၂၀၂၀ ခုနှစ် သြဂုတ်လ (၃) ရက်နေ့ လန်ဒန်မြို့မှာပဲ ကွယ်လွန်ခဲ့ပါတယ်။ Ref: Wikipedia, VOA #Jacob #BurmeseFont

ကိုဗစ် ကာကွယ်ဆေးဝယ်ဖို့ တပ်မတော် ငွေကျပ်သန်း(၁၀၀၀) လှူဒါန်း

Image
  ကိုဗစ် ကာကွယ်ဆေးဝယ်ဖို့ တပ်မတော် ငွေကျပ်သန်း(၁၀၀၀) လှူဒါန်း ~~~~~ ■ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး ဝယ်ဖို့အတွက် ငွေကျပ်သန်း တစ်ထောင်ကို တပ်မတော်က ဒီကနေ့ လှူဒါန်းလိုက်ပါတယ်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပါအဝင် တပ်မတော်ထိပ်တန်း အရာရှိတွေရဲ့ လစာငွေ တစ်လစာ၊ သာမန် အရာရှိတွေနဲ့ စစ်သည် ဝန်ထမ်းတွေရဲ့ တစ်ရက်စာလစာငွေတွေပေါင်းပြီး အစိုးရဦးဆောင်တဲ့ ကိုဗစ်ကာကွယ်ရေး ရန်ပုံငွေစီမံခန့်ခွဲမှု ဆပ်ကော်မတီကို လှူဒါန်းလိုက်တာလို့ တပ်မတော်က သတင်းထုတ်ပြန်ပါတယ်။ ကိုဗစ်ကာကွယ်ရေးအတွက် လိုအပ်ရင် ဆက်လက်လှူဒါန်းသွားမယ်လို့ လည်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ ကိုရိုနာဗိုင်းရပ်ကာကွယ်ဆေး ဝယ်ယူဖို့ အလှူငွေ စီမံခန့်ခွဲမှုဆပ်ကော်မတီကို အစိုးရဦးဆောင်ပြီး ဒီဇင်ဘာ ၃၀ ရက်နေ့က ဖွဲ့စည်းခဲ့တာပါ။ ထည့်ဝင်တဲ့ အလှူငွေတွေကို နေပြည်တော် မြန်မာ့စီးပွားရေးဘဏ်မှာ ငွေစာရင်း ဘဏ်အကောင့် ဖွင့်လှစ်ထားတယ်လို့ အစိုးရက ထုတ်ပြန်ထားပါတယ်။ အစိုးရရဲ့ ကိုဗစ်ကာကွယ်ဆေးဝယ်ယူရေး အစီအစဉ်အတွက် စီးပွားရေးလုပ်ငန်းရှင်တွေလည်း ပါဝင်လှူဒါန်းနေကြသလို ပြည်ပရောက် မြန်မာနိုင်ငံသားတွေလည်း အလှူငွေတွေကောက်ခံနေကြပါတယ်။ ကိုဗစ် ကာကွယ်ဆ

မြန်မာနိုင်ငံရဲ့ ပထမဆုံး Comprehensive University

Image
 မြန်မာနိုင်ငံရဲ့ ပထမဆုံး Comprehensive University ဟားခါးတက္ကသိုလ်ဟာ မြန်မာနိုင်ငံရဲ့ တခုတည်းသာလျှင် ရှိသော ပေါင်းစည်း တက္ကသိုလ် ဖြစ်ပါတယ် 🇲🇲 ဟားခါးတက္ကသိုလ်ကို ၂၀၁၆ ခုနှစ် နိုဝင်ဘာလ ၉ ရင်နေ့မှာ ကောလိပ်အဖြစ် စတင်ဖွင့်လှစ်ခဲ့ပါသည်။ ၂၀၂၀ ခုနှစ် ဩဂုတ်လ ၃၁ ရက်နေ့ရက်စွဲပါ ပညာရေးဝန်ကြီးဌာနအမိန့်စာဖြင့် တက္ကသိုလ်အဆင့် တိုးမြှင့်ခဲ့ပါသည်။ ချင်းပြည်နယ်ရဲ့ တက္ကသိုလ်ကြီးဖြစ်ပါတယ်။ ဟားခါးတက္ကသိုလ်ဟာ မြန်မာနိုင်ငံရဲ့ ပထမဆုံး Comprehensive university ပေါင်းစည်းတက္ကသိုလ်အဖြစ် စတင်ဖွင့်လှစ်ခဲ့တဲ့ တက္ကသိုလ်လဲ ဖြစ်ပါတယ်။ Comprehensive University ဆိုသည်မှာ မြန်မာလို့တော့ ပေါင်းစည်းတက္ကသိုလ်လို့ ခေါ်ကြပါတယ် ဘာသာရပ်အားလုံးကို တက္ကသိုလ်တခုထဲမှာဘဲ ဖွင့်လှစ်တာပါ နိုင်ငံတကာမှာလဲ ကျင့်သုံးတဲ့ပုံစံပါ မြန်မာနိုင်ငံတော့ ဘာသာရပ်အလိုက် တက္ကသိုလ်တွေက ကွဲနေပါတယ်။ ဟားခါးတက္ကသိုလ်ကတော့ ဝိဇ္ဇာ သိပ္ပံဘာသာရပ်များ အင်ဂျင်နီယာဘာသာရပ်များ ကွန်ပျူတာဘာသာရပ်များကို တက္ကသိုလ်တခုထဲမှာ ဖွင့်လှစ်သင်ကြားပို့ချနေတာပါ။ နည်းပညာတက္ကသိုလ် ကွန်ပျူတာတက္ကသိုလ်ရယ်လို့ သီးခြားမဖွင့်တော့ဘဲ တက္ကသိုလ်တခုထဲမှာ ဘာသာရပ်စုံကို လေ့လာနိုင်မှာဖြစ်ပါတယ

ဦးဇော်ဇော်မှ covid-19 ကာကွယ်ကူသဆေးရန်ပုံငွေအတွက် ငွေကျပ် ၂ ဘီလီယံလှူဒါန်း

Image
  Covid-19 ကပ်ရောဂါကာကွယ်ဆေး ဝယ်ယူရန်အတွက် နိုင်ငံတော်သို့ ငွေကျပ် (၂)ဘီလီယံ လှူဒါန်း Covid-19 ကပ်ရောဂါကာကွယ်ကုသရေးအတွက် ဧရာဝတီဖောင်ဒေးရှင်းအနေဖြင့် အတတ်နိုင်ဆုံးကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး Covid-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဗဟိုကော်မတီမှ စီမံဆောင်ရွက်လျက်ရှိသော ကာကွယ်ဆေးဝယ်ယူနိုင်ရန် အတွက်ကိုလည်း ငွေကျပ် (၂)ဘီလီယံကို လှူဒါန်းခဲ့ပါသည်။ Covid-19 ကပ်ရောဂါကို ကျော်လွှားနိုင်ရန်အတွက် နိုင်ငံတော်အစိုးရ၊ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနတို့၏ ဦးဆောင်မှုဖြင့် ကျရာနေရာမှ အားလုံးနှင့်အတူ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ကမ္ဘာသူကမ္ဘာသားများအနေဖြင့် ကပ်ရောဂါအမြန်ဆုံးကင်းစင်၍ လူသားတို့၏ ပုံမှန်ဘဝကို ပြန်လည်ရရှိပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။

လီကွမ်ယု နှင့် Singapore

Image
  “လီကွမ်ယု နှင့် Singapore” ၁၉၅၉ ခုနှစ်မှာ သူ ၀န်ကြီးချုပ်ဖြစ်လာတဲ့အခါ စင်ကာပူဟာ ခြင်ပေါတဲ့ နွံတောကြီး အဆင့်ပဲ ရှိပါတယ်။ လူတွေဟာ လယ်တောအိမ်မှာ  ၀က်တွေ၊ ကြက်တွေနဲ့ ဖြစ်သလို  နေထိုင်နေတုန်းပဲ ရှိပါတယ်။ သဘာ၀သယံဇာတ မရှိတဲ့ တိုင်းပြည်၊ အခြေခံအဆောက်အဦ  ဘာမှ မတည်ဆောက်ရသေးတဲ့ တိုင်းပြည်၊  ပညာရေးစနစ် အားမကောင်းတဲ့ တိုင်းပြည် ဖြစ်ပါတယ်။ မြို့တမြို့စာ နိုင်ငံလေး ဖြစ်လို့ တခြား ဖွံ့ဖြိုးဆဲနိုင်ငံတွေ လမ်းကြောင်းကို လိုက်လို့ မဖြစ်၊  တခြား စက်မှုနိုင်ငံတွေကို အတုယူအောင်ကလည်း သူတို့လို စက်မှုကုန်ကြမ်းလည်း မရှိ၊  ပြည်တွင်း ဈေးကွက်ကလည်း သေးငယ်။ စက်မှုလက်မှု ကျွမ်းကျင်မှုလည်းမရှိ။  ဘယ်က စကိုင်ရမယ်မှန်း မသိအောင် ခက်ခဲခဲ့ပါတယ်။  ဒါပေမယ့် ၀န်ကြီးချုပ် လီက ပြည်သူတွေဟာ တိုင်းပြည်အတွက် အကောင်းဆုံး သယံဇာတတွေ ဆိုတာကို နားလည်ခဲ့တယ်။ အပြောင်းအလဲကို အားသန်နေကြတဲ့ ပြည်သူလူထုကို ယုံကြည်တယ်။  ၁၉၆၁ ခုနှစ်မှာ စင်ကာပူ အစိုးရရဲ့ ရည်မှန်းချက်က လူတိုင်းအလုပ်အကိုင်ရရှိရေး ဖြစ်ပါတယ်။  ပညာလည်း ဟုတ်ဟုတ်ငြားငြား မရှိသေးလို့ အခြေခံကျကျက စက်ရုံအလုပ်ရုံတွေမှာ  ဈေးပေါတဲ့ အလုပ်သမားတွေ ဖြစ်ဖို့ပါပဲ။ ဒီကြားထဲမှာ မလေးရှားက စွန့်ပစ်လို

လွမ်းရအောင် ဝတ္ထုမှ မခင်မမ နေထိုင်ရာ တောင်သာမြို့နယ် ၊ သပွတ်စု ရွာ....

Image
  ခင်မမ နေမကောင်းဘူး ဆိုတော့ မောင်အောင်စိမ်း ရောက်လာပြီး တောင်သာမှာ ထမင်းဝင်စားတဲ့ လမ်းမတော် ထမင်းဆိုင်ပါ။ တောင်သာ နာရီစင် ၊ တောင်သာတောင်နောက်ခံ ၊ ကျောက်ပန်းတောင်း ဘက်သွားတဲ့ လမ်းခွဲကနေ ရိုက်ထားတာပါ။ တောင်သာ တောင်ဂိတ်လို့ခေါ်ပါတယ်။ ကျောက်ပန်းတောင်းကားတွေ ရပ်နားတဲ့နေရာပါ ။ အခုအချိန်တော့ ကားတွေ မထွက်ပါဘူး ။ တစ်ခါတစ်ရံ တော့ထွက်တတ်ပါတယ် ။ ဒါက မောင်အောင်စိမ်း လာစဥ်က ဖြတ်ခဲ့ရတဲ့ ကိုင်းချောင်း ၊ အခုတော့ တံတားတွေဆောက်ပြီးပါပြီ။ ဒါကလည်း ဆီမီးကန်ချောင်းပါ ။ မောင်အောင်စိမ်း လာစဥ်ကတော့ တံတားမရှိ။ မြင်းခြံ - ကျောက်ပန်းတောင်း ဘက်ကလမ်း ၊ သာသာယာယာ တမာတန်း ၊ ထနောင်းတန်း ပေါ့ဗျာ ။ ဒါကတော့ ဝဲလောင်ရွာ အဝင် ဆိုင်းဘုတ် ။ ဝဲလောင်ချောင်းတံတား ။ ဒါက အရင်ကတော့ သဲချောင်းပေါ့လေ။ ဝဲလောင်ရွာ အနောက်ထိပ် ။ တိုက်နယ်ပြည်သူ့ဆေးရုံ ။ မောင်အောင်စိမ်း ကားဆင်းတဲ့နေရာပါ။ ညာဘက်ကို ချိုးရပါမယ် ။ ဘယ်ဘကက်ိုချိုးရင် ကျောက်ပန်းတောင်းဘက်ကို ရောက်ပါမယ်။ ကျနော့်ရွာက ဝဲလောင်အနောက်ဘက် ကပ်ရပ်က ရွာပေါ့ ။ မောင်အောင်စိမ်း ရောက်ခဲ့ရင် ကျနော် ဆရာ့ပရိသတ်တစ်ယောက် ထခုန်မိမတတ် ပျော်မိမှာပါ ။ မခင်မမ နေတဲ့ သပွတ်စုကို သွားဖို့ ညာဘက်ကို ချိုးရမယ် ။

ကမ္ဘောဇ ဦးအောင်ကိုဝင်းအား ပြည်ထောင်စု စည်သူသင်္ဂဟဂုဏ်ထူးဆောင် “သရေစည်သူဘွဲ့” ပေးအပ်ချီးမြှင့်မည်

Image
  နိုင်ငံတော်အတွက် အခွန်ထမ်း ဆောင်မှုအမြင့်ဆုံးနှင့် အလှူအတန်း များစွာ ပြုလုပ်ဆောင်ရွက်သည့် ကမ္ဘောဇ ဦးအောင်ကိုဝင်းအား ပြည်ထောင်စု စည်သူသင်္ဂဟဂုဏ်ထူးဆောင် “သရေစည်သူဘွဲ့” ပေးအပ်ချီးမြှင့်မည်  ‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗  တောင်ကြီး၊ ဇန်နဝါရီ (၃)  နိုင်ငံတော်နှင့် ပြည်သူအတွက် စွမ်းစွမ်းတမံ အခွန်ထမ်းဆောင်မှုနှင့် နိုင်ငံ၏ အရေးကြီးကိစ္စရပ်များတွင် လှူဒါန်းမှုများစွာ ဆောင်ရွက်ခဲ့သည့် အရပ်ဘက်ပုဂ္ဂိုလ် ကမ္ဘောဇ ဦးအောင်ကိုဝင်းအား နိုင်ငံတော်သမ္မတ က “ ပြည်ထောင်စု စည်သူသင်္ဂဟ ဂုဏ်ထူးဆောင် သရေစည်သူဘွဲ့” ပေးအပ်ချီးမြှင့် သွားမည်ဖြစ်ကြောင်း သိရသည်။   အဆိုပါ သရေစည်သူဘွဲ့ကို ၂၀၂၁ခုနှစ်၊ ဇန်နဝါရီလ(၄)ရက် (လွတ်လပ်ရေးနေ့)တွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က နေပြည်တော်ရှိ သမ္မတအိမ်တော်တွင် ပေးအပ်ချီးမြင့်သွားမည်ဖြစ်ကြောင်း သိရသည်။   နိုင်ငံတော်အတွက် အခွန်ဘဏ္ဍာတာဝန်ကို ပထမ နေရာမှ ဝင်ငွေခွန် အများဆုံး(၈)ထပ်ကွမ်း ထမ်းဆောင်ခဲ့ပြီး၊ နိုင်ငံတော်နှင့် ပြည်သူအတွက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လူမျိုးမရွေး၊ ဘာသာမရွေး၊ နေရာဒေသမရွေးတွင် ကျပ်ငွေ(၁၈ဝ)ဘီလီယံကျော် လှူဒါန်းခဲ့ကြောင်း သိရသည်။  နိုင်ငံတော်မှ ဦးအောင်ကိုဝင်းအ

နှစ်သစ်၏ ကျပ်သိန်း ၁၅၀၀၀ ဆုကို မန္တလေးမြို့က ဆွတ်ခူး

Image
  ဇန်နဝါရီလ ၁ ၊ ၂၀၂၁ အောင်ဘာလေ သိန်းဆု ဖွင့်ပွဲတွင် ၂၀၂၁ နှစ်သစ်၏ပထမဆုံး ကျပ်သိန်း ၁၅၀၀၀ ဆုရှင်အဖြစ် မန္တလေးမြို့မှ အသက် ၂၀အရွယ် မဝင်းဝင်းအိက ဆွတ်ခူးခဲ့ကြောင်း မိုးယံထီဆိုင်မှ သိရသည်။  အဆိုပါ ထီဆုကြီး ဆွတ်ခူးခဲ့သူသည် မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ် တွင်နေထိုင်သူဖြစ်ပြီး ထီ သုံးစောင်သာထိုးရာမှ အမြင့်ဆုံးထီဆုကြီးကို ဆွတ်ခူးခဲ့ခြင်းဖြစ်သည်။ ဇန်နဝါရီလ ၁ ရက်က ထွက်ရှိခဲ့သည့် (၂၃)ကြိမ်မြောက် အောင်ဘာလေသိန်းဆုဖွင့်ပွဲတွင် ဆုမဲပေါင်း ၂၀၀၀ကျော်အထိ တိုးမြှင့် ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာန အောင်ဘာလေသိန်းဆုဌာန ခွဲက ထုတ်ပြန်ထားသည်။  ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၁ ရက်တွင်ထွက်ရှိခဲ့သည့် (၂၃)ကြိမ်မြောက် အောင်ဘာလေသိန်းဆုဖွင့်ပွဲတွင် အက္ခရာအစဉ်လိုက် “က” မှ “ကဆ” အထိ စုစုပေါင်း အက္ခရာ အလုံးရေ ၄၀ ဖြင့် ထီစာအုပ်ပေါင်း သုံးသန်း ကျော်အထိ ရောင်းချခဲ့ရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။  အဆိုပါ ထီလက်မှတ်အားလုံး၏ ရောင်းချငွေ ကျပ်သန်း ၃၃၀၀၀ ကျော် ရရှိခဲ့ပြီး ရောင်းရငွေ၏ ၆၀ ရာခိုင်နှုန်း ဖြစ်သည့် ကျပ်သန်း ၂၀၀၀၀ ကျော်ကို ကို ချီးမြှင့်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စက္ကူပန်းနန်းတော် အပန်းဖြေဥယျာဉ်

Image
စက္ကူပန်းနန်းတော် အပန်းဖြေဥယျာဉ် ကိုဗစ်အလွန်ကာလတွင် ဖွင့်လှစ်ရန် ပြင်ဆင်ထားရှိမှု (၇၀) ရာခိုင်နှုန်း ကျော် ပြီးစီး ‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗ မန္တလေး၊ ဇန်နဝါရီ (၁) ကိုဗစ်အလွန်ကာလတွင် အများပြည်သူ အပန်းဖြေအနားယူနိုင်ရန်နှင့် ဦးပိန်တံတားနှင့် စစ်ကိုင်းတောင်အလှကို ကြည့်ရှုခံစားနိုင်ရန် မန္တလေး ရတနာပုံတက္ကသိုလ်အနီးရှိ စက္ကူပန်းနန်းတော် အပန်းဖြေဥယျာဉ်ကို ဖွင့်လှစ်ရန် ပြင်ဆင်လျက်ရှိရာ ယခုအခါ (၇၀) ရာခိုင်နှုန်းကျော် ပြီးစီးနေပြီ ဖြစ်ကြောင်း သိရသည်။ စက္ကူပန်းနန်းတော် အပန်းဖြေဥယျာဉ်ကို (၈) ဧက အကျယ်ရှိသောနေရာတွင် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလက စတင် တည်ဆောက်ခဲ့ကာ ဂျပန်၊ ကိုရီးယား၊ တရုတ်၊ ထိုင်းနိုင်ငံတို့မှ စက္ကူပန်းမျိုးစိတ်နှင့် မြန်မာနိုင်ငံမှ ဒေသမျိုးရင်း တို့ဖြင့် မျိုးစိတ် (၇၀) ကျော်စိုက်ပျိုးထားပြီး အနီရောင်တွင် မျိုးကွဲခြောက်မျိုး၊ ခရမ်းရောင်တွင် မျိုးကွဲ ခြောက်မျိုးနှင့် အဝါရောင်၊ လိမ္မော်ရောင် မျိုးကွဲများဖြင့် စုစုပေါင်း အရောင်ကွဲ (၃၀) ကျော် ပါဝင်ကြောင်း သိရသည်။ ဥယျာဉ်တွင် စက္ကူပန်းရောင်စုံရှုခင်းများ၊ စက္ကူပန်းနံရံ၊ စက္ကူပန်းဝင်္ကပါ၊ နောက်ခံရှုခင်းအလှများ၊ ကလေးကစားကွင်း၊ စားသောက်ဆိုင်၊ တောင်သမ

ငှက်ငနွားကြီးကျတော့ တကောင်ကို ၁ ထောင်ရောင်းတယ်

Image
တပင်လုံးလိုလို အဝါရောင် အသီးမှည့်မှည့်တွေနဲ့ ပြည့်နှက်နေတဲ့ ညောင်ပင်ကြီးပေါ်မှာ အဝါ၊ အဖြူ အနက်တို့ ရောယှက် နေတဲ့ ငှက်တကောင်ဟာ အထက်အောက်စုန်ဆန် လူးလားခေါက်တုံ့နဲ့ အစာစားနေလေရဲ့။ အပင် တပင်လုံးကို သူတကောင်တည်း စားတော့မလိုပင်.. နေရာအနှံ့ ခုန်ပေါက် စားနေတာပါ။ ဒီငှက်ဟာ ကမ္ဘာမှာ မျိုးသုဉ်း ပျောက်ကွယ်လုလု ဖြစ်အောင် ရှားပါးနေပြီဖြစ်လို့ နိုင်ငံတကာ သဘာဝ ထိန်းသိမ်းရေးအဖွဲ့ (IUCN) ရဲ့ အနီရောင်အဆင့် စာရင်းဝင် သတ်မှတ် ထိန်းသိမ်း ကာကွယ်နေရတဲ့ အောင်လောင်ငှက်ပဲ ဖြစ်ပါတယ်။ အောက်ချင်းငှက်မျိုးထဲမှာ ပါဝင်တဲ့ ဒီအောင်လောင် ငှက်ဟာ မြန်မာနိုင်ငံ သစ်တောဦးစီးဌာနက ထုတ်ပြန်ထားတဲ့ လုံးဝ ကာကွယ် ထိန်းသိမ်းရမယ့် တိရစ္ဆာန်မျိုးစိတ်ထဲမှာ ပါဝင်ပါတယ်။ ဒီ အောင်လောင်ငှက်တွေကို ဒီနေရာမှာ အုပ်လိုက်တွေ့ခဲ့ပြီး ပစ်ခတ်သတ်ဖြတ်ခံနေရတယ် ဆိုတာကြောင့် သတင်း ထောက်တွေ၊ ငှက်ဝါသနာရှင်တွေ စုရုံး ရောက်ရှိလာတာပါ။ စတွေ့တွေ့ချင်းမှာတုန်းက အကောင် ၄၀ လောက် ရှိတယ်ဆိုပေမယ့် ငှက်ပစ်သမားတွေရဲ့ ပစ်ခတ်သံတွေ ကြားပြီးနောက် တနေ့မှာ အကောင်၂၀ ကျော်လောက်ပဲ တွေ့ရတော့တာကြောင့် ငှက်ကြည့်ဝါသနာရှင် ၁ ဦးက သူ့ရဲ့ လူမှုကွန်ရက် စာ မျက်နှာမှာ စိုးရိမ်တကြီးနဲ့ ထုတ်ဖ