ကိုဗစ် ကာကွယ်ဆေးဝယ်ဖို့ တပ်မတော် ငွေကျပ်သန်း(၁၀၀၀) လှူဒါန်း

~~~~~

■ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး ဝယ်ဖို့အတွက် ငွေကျပ်သန်း တစ်ထောင်ကို တပ်မတော်က ဒီကနေ့ လှူဒါန်းလိုက်ပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပါအဝင် တပ်မတော်ထိပ်တန်း အရာရှိတွေရဲ့ လစာငွေ တစ်လစာ၊ သာမန် အရာရှိတွေနဲ့ စစ်သည် ဝန်ထမ်းတွေရဲ့ တစ်ရက်စာလစာငွေတွေပေါင်းပြီး အစိုးရဦးဆောင်တဲ့ ကိုဗစ်ကာကွယ်ရေး ရန်ပုံငွေစီမံခန့်ခွဲမှု ဆပ်ကော်မတီကို လှူဒါန်းလိုက်တာလို့ တပ်မတော်က သတင်းထုတ်ပြန်ပါတယ်။

ကိုဗစ်ကာကွယ်ရေးအတွက် လိုအပ်ရင် ဆက်လက်လှူဒါန်းသွားမယ်လို့ လည်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ကိုရိုနာဗိုင်းရပ်ကာကွယ်ဆေး ဝယ်ယူဖို့ အလှူငွေ စီမံခန့်ခွဲမှုဆပ်ကော်မတီကို အစိုးရဦးဆောင်ပြီး ဒီဇင်ဘာ ၃၀ ရက်နေ့က ဖွဲ့စည်းခဲ့တာပါ။

ထည့်ဝင်တဲ့ အလှူငွေတွေကို နေပြည်တော် မြန်မာ့စီးပွားရေးဘဏ်မှာ ငွေစာရင်း ဘဏ်အကောင့် ဖွင့်လှစ်ထားတယ်လို့ အစိုးရက ထုတ်ပြန်ထားပါတယ်။

အစိုးရရဲ့ ကိုဗစ်ကာကွယ်ဆေးဝယ်ယူရေး အစီအစဉ်အတွက် စီးပွားရေးလုပ်ငန်းရှင်တွေလည်း ပါဝင်လှူဒါန်းနေကြသလို ပြည်ပရောက် မြန်မာနိုင်ငံသားတွေလည်း အလှူငွေတွေကောက်ခံနေကြပါတယ်။

ကိုဗစ် ကာကွယ်ဆေးရဖို့အတွက် အိန္ဒိယနိုင်ငံနဲ့ အရောင်းအဝယ်စာချုပ်ချုပ်ဆိုထားပြီးတော့ ဒီလာမယ့် ဖေဖော်ဝါရီလကစပြီး မြန်မာနိုင်ငံမှာ စတင်ထိုးပေးတော့မယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဇန်နဝါရီလ(၁) ရက်နေ့က နှစ်သစ်ကူးမိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

ဦးစားပေးအစီအစဉ်အနေနဲ့ ကျန်းမာရေးဝန်ထမ်းတွေကို အရင်ထိုးပေးဖို့ စီစဉ်ထားပြီး အားလုံးကို အလှည့်ကျအစီအစဉ်အလိုက် ထိုးပေးမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ကတိပေးထားပါတယ်။

(unicode)

~~~~~~~~

(zawgyi)

~~~~~~~~

Photo - AFP

Comments

Popular posts from this blog

စက္ကူပန်းနန်းတော် အပန်းဖြေဥယျာဉ်

နရသီဟပတေ့ရဲ့ နောက်ဆုံးဆုတောင်း

ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေး အသနားခံစာ