ကမ္ဘောဇ ဦးအောင်ကိုဝင်းအား ပြည်ထောင်စု စည်သူသင်္ဂဟဂုဏ်ထူးဆောင် “သရေစည်သူဘွဲ့” ပေးအပ်ချီးမြှင့်မည်


 

နိုင်ငံတော်အတွက် အခွန်ထမ်း ဆောင်မှုအမြင့်ဆုံးနှင့် အလှူအတန်း များစွာ ပြုလုပ်ဆောင်ရွက်သည့် ကမ္ဘောဇ ဦးအောင်ကိုဝင်းအား ပြည်ထောင်စု စည်သူသင်္ဂဟဂုဏ်ထူးဆောင် “သရေစည်သူဘွဲ့” ပေးအပ်ချီးမြှင့်မည် 


‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗ 


တောင်ကြီး၊ ဇန်နဝါရီ (၃) 


နိုင်ငံတော်နှင့် ပြည်သူအတွက် စွမ်းစွမ်းတမံ အခွန်ထမ်းဆောင်မှုနှင့် နိုင်ငံ၏ အရေးကြီးကိစ္စရပ်များတွင် လှူဒါန်းမှုများစွာ ဆောင်ရွက်ခဲ့သည့် အရပ်ဘက်ပုဂ္ဂိုလ် ကမ္ဘောဇ ဦးအောင်ကိုဝင်းအား နိုင်ငံတော်သမ္မတ က “ ပြည်ထောင်စု စည်သူသင်္ဂဟ ဂုဏ်ထူးဆောင် သရေစည်သူဘွဲ့” ပေးအပ်ချီးမြှင့် သွားမည်ဖြစ်ကြောင်း သိရသည်။ 

 အဆိုပါ သရေစည်သူဘွဲ့ကို ၂၀၂၁ခုနှစ်၊ ဇန်နဝါရီလ(၄)ရက် (လွတ်လပ်ရေးနေ့)တွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က နေပြည်တော်ရှိ သမ္မတအိမ်တော်တွင် ပေးအပ်ချီးမြင့်သွားမည်ဖြစ်ကြောင်း သိရသည်။ 

 နိုင်ငံတော်အတွက် အခွန်ဘဏ္ဍာတာဝန်ကို ပထမ နေရာမှ ဝင်ငွေခွန် အများဆုံး(၈)ထပ်ကွမ်း ထမ်းဆောင်ခဲ့ပြီး၊ နိုင်ငံတော်နှင့် ပြည်သူအတွက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လူမျိုးမရွေး၊ ဘာသာမရွေး၊ နေရာဒေသမရွေးတွင် ကျပ်ငွေ(၁၈ဝ)ဘီလီယံကျော် လှူဒါန်းခဲ့ကြောင်း သိရသည်။ 

နိုင်ငံတော်မှ ဦးအောင်ကိုဝင်းအား ပေးအပ်ချီးမြှင့်ခဲ့သော “သရေစည်သူဘွဲ့” သည် မြန်မာနိုင်ငံ အရပ်ဘက်ဆိုင်ရာ စီးပွားရေးလုပ်ငန်းရှင်များအနက် ပထမဆုံးနှင့် အမြင့်ဆုံး ပေးအပ်ချီးမြှင့်ခဲ့သော “ပြည်ထောင်စု စည်သူသင်္ဂဟဂုဏ်ထူးဆောင်ဘွဲ့” ဖြစ်ကြောင်း သိရှိရသည်။ 


#credit 

Comments

Popular posts from this blog

စက္ကူပန်းနန်းတော် အပန်းဖြေဥယျာဉ်

နရသီဟပတေ့ရဲ့ နောက်ဆုံးဆုတောင်း

ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေး အသနားခံစာ