ကမ္ဘာဂြိုဟ်သည် မကြာသေးမီအချိန်က ပိုမိုမြန်ဆန်စွာ လည်ပတ်နေခဲ့ကြောင်းသိရ။

====================================

        ကမ္ဘာတစ်ဝှမ်းရှိ သိပ္ပံပညာရှင်များက ကမ္ဘာဂြိုဟ်သည် မကြာသေးမီအချိန်က ၎င်း၏ဝင်ရိုးပေါ် တွင်ပိုမိုမြန်ဆန်စွာ ရွေ့လျားနေသည်ဟု မှတ်ချက်ပြုခဲ့ကြပါတယ်။ ၎င်းရွေ့လျားလည်ပတ်မှု သည် မှတ်တမ်းတင်ထားခဲ့သည့်သမိုင်းတလျှောက် အမြန်ဆုံး လည်ပတ်မှု ဖြစ်ခဲ့တာပါ။ သိပ္ပံပညာရှင်အတော်များများက စာနယ်ဇင်းကို ဒီလိုထူးဆန်းတဲ့ဖြစ်ရပ်တွေအကြောင်း ပြောပြခဲ့ကြပြီး အချို့က ဒီလွန်ခဲ့သောနှစ်ကာလတွေမှာ မှတ်တမ်းတင်ထားသည့်တစ်လျှောက် အတိုတောင်းဆုံးနေ့ရက်တွေ ဖြစ်ပေါ်ခဲ့တာ အတွက် အဖြေရှာဖို့ကြိုးစားနေကြပါတယ်။ 

        လူသားတို့၏သမိုင်းကြောင်းအရ အချိန်ကို ၂၄ နာရီ နေ့ / ညသံသရာ လည်ခြင်း ဖြင့် သတ်မှတ်ထားတာဖြစ်ပါတယ်။ ထိုသံသရာလည်ခြင်းက ကမ္ဘာဂြိုဟ်သည် ၎င်း၏ဝင်ရိုးပေါ်တွင် လည်ပတ်သည့်အရှိန်ပေါ်တွင် မူတည်နေတာဖြစ်ပါတယ်။

       ထိုအချက်ကြောင့်ပဲ တစ်နေ့တာ၏ကြာချိန်သည် စံပုံစံဖြစ်လာပြီး နေ့ရက်တိုင်းသည်  ခန့်မှန်းခြေအားဖြင့် ၂၄ နာရီ (သို့) စက္ကန့် ၈၆,၄၀၀ (ရှစ်သောင်းခြောက်ထောင့်လေးရာ) စက္ကန့်အထိ ကြာမြင့်တာဖြစ်ပါတယ်။ နေ့နှင့်ညသံသရာသည် ပုံမှန်အားဖြင့် အနည်းငယ်ကွဲပြားမှုရှိသော်လည်း သိသိသာသာ တသမတ်တည်း ဖြစ်နေတတ်ပါတယ်။

        လွန်ခဲ့သောဆယ်စုနှစ်များစွာက Atomic နာရီများ၏ ဖွံ့ဖြိုးတိုးတက်မှုသည် သိပ္ပံပညာရှင်များအား အချိန်ကာလကို မယုံနိုင်လောက်အောင်သေးငယ်စွာဖြင့် မှတ်တမ်းတင်နိုင်စေခဲ့ပြီး အပြန်အလှန်အားဖြင့် တစ်နေ့တာ၏ကြာချိန်ကို မီလီစက္ကန့်အထိတိုင်းတာနိုင်ရန် ခွင့်ပြုပေးခဲ့ပါတယ်။ ထို့အပြင် ကမ္ဘာဂြိုဟ်၏လည်ပတ်မှုသည် တစ်ချိန်ကထင်ထား သည်ထက် ပို၍ ပြောင်းလဲနိုင်သည်ကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။

         ထိုကဲ့သို့သော တိုင်းတာမှုများ စတင်ကတည်းက သိပ္ပံပညာရှင်များကလည်း ကမ္ဘာဂြိုဟ်သည်  ၎င်း၏လည်ပတ်မှုကို လွန်ခဲ့သောနှစ်မတိုင်မီအထိ  တဖြည်းဖြည်းနှေးကွေးသွားသည်ကို သတိပြုမိခဲ့ကြပါတယ်။ ထို့ကြောင့် ယခင်နှင့်  ယခုလက်ရှိအချိန်များတွင်  ကမ္ဘာ့ လည်ပတ်နှုန်းပြောင်းလဲမှု ကို စံထားတဲ့ အချိန် ( Standard of the time) နှင့် နှိုင်းယှဉ်ပါက ကိုက်ညီစေရန် အတွက် Leap second များကို ထည့်သွင်းခဲ့ပါတယ်။ လွန်ခဲ့သောနှစ်က ၎င်း၏ပိုမိုလျင်မြန်စွာလည်ပတ်မှုကြောင့် သိပ္ပံနယ်ပယ်ရှိ ပညာရှင်အချို့က ဒီနှစ်မှာ  Negative leap second များလိုအပ်လာမလား ဟူ၍ စဉ်းစားလာကြပါတယ်။ 

       သိပ္ပံပညာရှင်များက မှတ်ချက်ချသည်မှာ လွန်ခဲ့သောနှစ်နွေရာသီ၊ ဇူလိုင် ၁၉ ရက်သည် အတိုဆုံးသောနေ့အဖြစ် မှတ်တမ်းတင်နိုင်ခဲ့ပြီး သတ်မှတ်ထားသော စံပုံစံ ထက် ၁.၄၆၀၂ မီလီစက္ကန့်ပိုတို တောင်းခဲ့တယ် ဟုသိရပါတယ်။ 

       ဂြိုဟ်သိပ္ပံပညာရှင်များကတော့ တွေ့ရှိချက်အသစ်နှင့် ပတ်သက်၍ စိတ်မဝင်စားပါဘူး။ဘာကြောင့်လဲဆိုတော့ သူတို့က လ၏ဆွဲအား၊ နှင်းကျမှုအဆင့် နှင့် တောင်များတိုက်စား ခြင်းအပါအဝင် ကမ္ဘာဂြိုဟ်၏လှည့်လည်မှုအပေါ် အကျိုးသက်ရောက်စေသည့် အချက်များစွာရှိသည် ကို သိရှိခဲ့ကြပြီးသောကြောင့်ဖြစ်ပါတယ်။ သူတို့က နှင်းဖုံးများနှင့် မြင့်မားသောနေရာများရှိနှင်းများ ပျောက်ကွယ်သွားသည်နှင့်အမျှ ကမ္ဘာကြီးပူနွေးလာမှုသည် ကမ္ဘာဂြိုဟ်ကို ပိုမိုမြန်ဆန်စွာ လည်ပတ်စေနိုင်တာလား ဟူ၍ စတင်တွေးတောနေကြတာဖြစ်ပါတယ်။

      ကွန်ပျူတာသိပ္ပံပညာရှင်တွေကတော့ ကမ္ဘာ၏ ရွေ့လျားလှည်ပတ်ပုံမြန်ဆန်မှုအပေါ် အတော်အတန် စိုးရိမ်ပူပန်နေကြပါတယ်။ ခေတ်သစ်နည်းပညာအများစုက အချိန်မှန် ဖြစ်တဲ့ Standard time အပေါ်အခြေခံထားတယ် ဟုဆိုပါတယ်။ Negative leap second များကိုထည့်ခြင်းက ပြဿနာများ ဖြစ်စေနိုင်တဲ့အတွက် အချို့က Solar time ကနေ Atomic time သို့ ပြောင်းလဲရန် အကြုံပြုနေကြပါတယ်။

Ref - https://phys.org/news/2021-01-earth-faster.html

Comments

Popular posts from this blog

စက္ကူပန်းနန်းတော် အပန်းဖြေဥယျာဉ်

နရသီဟပတေ့ရဲ့ နောက်ဆုံးဆုတောင်း

ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေး အသနားခံစာ