နှစ်သစ်၏ ကျပ်သိန်း ၁၅၀၀၀ ဆုကို မန္တလေးမြို့က ဆွတ်ခူး

 


ဇန်နဝါရီလ ၁ ၊ ၂၀၂၁

အောင်ဘာလေ သိန်းဆု ဖွင့်ပွဲတွင် ၂၀၂၁ နှစ်သစ်၏ပထမဆုံး ကျပ်သိန်း ၁၅၀၀၀ ဆုရှင်အဖြစ် မန္တလေးမြို့မှ အသက် ၂၀အရွယ် မဝင်းဝင်းအိက ဆွတ်ခူးခဲ့ကြောင်း မိုးယံထီဆိုင်မှ သိရသည်။ 

အဆိုပါ ထီဆုကြီး ဆွတ်ခူးခဲ့သူသည် မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ် တွင်နေထိုင်သူဖြစ်ပြီး ထီ သုံးစောင်သာထိုးရာမှ အမြင့်ဆုံးထီဆုကြီးကို ဆွတ်ခူးခဲ့ခြင်းဖြစ်သည်။

ဇန်နဝါရီလ ၁ ရက်က ထွက်ရှိခဲ့သည့် (၂၃)ကြိမ်မြောက် အောင်ဘာလေသိန်းဆုဖွင့်ပွဲတွင် ဆုမဲပေါင်း ၂၀၀၀ကျော်အထိ တိုးမြှင့် ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာန အောင်ဘာလေသိန်းဆုဌာန ခွဲက ထုတ်ပြန်ထားသည်။ 

၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၁ ရက်တွင်ထွက်ရှိခဲ့သည့် (၂၃)ကြိမ်မြောက် အောင်ဘာလေသိန်းဆုဖွင့်ပွဲတွင် အက္ခရာအစဉ်လိုက် “က” မှ “ကဆ” အထိ စုစုပေါင်း အက္ခရာ အလုံးရေ ၄၀ ဖြင့် ထီစာအုပ်ပေါင်း သုံးသန်း ကျော်အထိ ရောင်းချခဲ့ရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ 

အဆိုပါ ထီလက်မှတ်အားလုံး၏ ရောင်းချငွေ ကျပ်သန်း ၃၃၀၀၀ ကျော် ရရှိခဲ့ပြီး ရောင်းရငွေ၏ ၆၀ ရာခိုင်နှုန်း ဖြစ်သည့် ကျပ်သန်း ၂၀၀၀၀ ကျော်ကို ကို ချီးမြှင့်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Comments

Popular posts from this blog

စက္ကူပန်းနန်းတော် အပန်းဖြေဥယျာဉ်

နရသီဟပတေ့ရဲ့ နောက်ဆုံးဆုတောင်း

ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေး အသနားခံစာ