မြန်မာနိုင်ငံရဲ့ ပထမဆုံး Comprehensive University


 မြန်မာနိုင်ငံရဲ့ ပထမဆုံး Comprehensive University


ဟားခါးတက္ကသိုလ်ဟာ မြန်မာနိုင်ငံရဲ့

တခုတည်းသာလျှင် ရှိသော

ပေါင်းစည်း တက္ကသိုလ် ဖြစ်ပါတယ် 🇲🇲


ဟားခါးတက္ကသိုလ်ကို ၂၀၁၆ ခုနှစ် နိုဝင်ဘာလ ၉ ရင်နေ့မှာ ကောလိပ်အဖြစ် စတင်ဖွင့်လှစ်ခဲ့ပါသည်။ ၂၀၂၀ ခုနှစ် ဩဂုတ်လ ၃၁ ရက်နေ့ရက်စွဲပါ ပညာရေးဝန်ကြီးဌာနအမိန့်စာဖြင့် တက္ကသိုလ်အဆင့် တိုးမြှင့်ခဲ့ပါသည်။ ချင်းပြည်နယ်ရဲ့ တက္ကသိုလ်ကြီးဖြစ်ပါတယ်။


ဟားခါးတက္ကသိုလ်ဟာ မြန်မာနိုင်ငံရဲ့ ပထမဆုံး Comprehensive university ပေါင်းစည်းတက္ကသိုလ်အဖြစ် စတင်ဖွင့်လှစ်ခဲ့တဲ့ တက္ကသိုလ်လဲ ဖြစ်ပါတယ်။ Comprehensive University ဆိုသည်မှာ မြန်မာလို့တော့ ပေါင်းစည်းတက္ကသိုလ်လို့ ခေါ်ကြပါတယ် ဘာသာရပ်အားလုံးကို တက္ကသိုလ်တခုထဲမှာဘဲ ဖွင့်လှစ်တာပါ နိုင်ငံတကာမှာလဲ ကျင့်သုံးတဲ့ပုံစံပါ မြန်မာနိုင်ငံတော့ ဘာသာရပ်အလိုက် တက္ကသိုလ်တွေက ကွဲနေပါတယ်။ ဟားခါးတက္ကသိုလ်ကတော့ ဝိဇ္ဇာ သိပ္ပံဘာသာရပ်များ အင်ဂျင်နီယာဘာသာရပ်များ ကွန်ပျူတာဘာသာရပ်များကို တက္ကသိုလ်တခုထဲမှာ ဖွင့်လှစ်သင်ကြားပို့ချနေတာပါ။ နည်းပညာတက္ကသိုလ် ကွန်ပျူတာတက္ကသိုလ်ရယ်လို့ သီးခြားမဖွင့်တော့ဘဲ တက္ကသိုလ်တခုထဲမှာ ဘာသာရပ်စုံကို လေ့လာနိုင်မှာဖြစ်ပါတယ်။


ဟားခါးတက္ကသိုလ်မှာတော့

👉ဝိဇ္ဇာဘာသာရပ်များအနေဖြင့် မြန်မာစာ၊ အင်္ဂလိပ်၊ ပထဝီဝင်၊ သမိုင်း၊ ဒဿနိကဗေဒ၊ အရှေ့တိုင်းပညာ၊ဥပဒေပညာ၊

👉သိပ္ပံဘာသာရပ်များ သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ ရုက္ခဗေဒ၊ သတ္တဗေဒ၊

👉အင်ဂျင်နီယာဘာသာရပ်များအနေဖြင့် မြို့ပြ၊ အီလက်ထရောနစ်၊ စက်မှု၊ လျှပ်စစ်၊

👉ကွန်ပျူတာသိပ္ပံဘာသာရပ်များ၊

👉သူနာပြုနှင့်သားဖွားသင်တန်း​ကျောင်း

👉ပညာ​ရေး​ကောလိပ် နှင့်

👉အား/ကာသိပ္ပံ သင်တန်း​ကျောင်းမျာကို ဖွင့်လှစ်သင်ကြားပို့ချပေးနေပါသည်။


ဟားခါးတက္ကသိုလ်ဟာ ဟားခါး-ထန်တလန်လမ်းမ၊ မြို့သစ်ရပ်ကွက်၊ ဟားခါးမြို့မှာတည်ရှိပါသည်။


ဟားခါးတက်ကသိုလျ website link ⬇️

http://www.hkauniv.edu.mm/?lang=en


Photo crd & Copy

#thebeautyofchinhills

Comments

Popular posts from this blog

စက္ကူပန်းနန်းတော် အပန်းဖြေဥယျာဉ်

နရသီဟပတေ့ရဲ့ နောက်ဆုံးဆုတောင်း

ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေး အသနားခံစာ