နရသီဟပတေ့ရဲ့ နောက်ဆုံးဆုတောင်း

 

နရသီဟပတေ့ရဲ့ နောက်ဆုံးဆုတောင်း

"""""""""""""""""""""""""""📝📝📝📝📝📝


တရုတ်ဧကရာဇ်က နရသီဟပတေ့ထံက 

အခွန်ဘဏ္ဍာ တောင်းခံဖို့ သံအဖွဲ့ စေလွှတ်လိုက်တယ်။ ဒါကို နရသီဟက စိတ်ဆိုးပြီး သံအဖွဲ့ကိုအကုန် သတ်စေ အမိန့်ချခဲ့တယ်။ 


အမတ်တွေကတော့ သံတမန်ကို သတ်တဲ့အလေ့ မရှိကြောင်း ပြောကြပေမယ့် မင်းကြီး နားမထောင်ပါဘူး။ အဲ့ဒီမှာ တရုတ်သံအဖွဲ့ကို သတ်ပစ်တဲ့အတွက် တရုတ်စစ်တပ်ကြီးပုဂံကို စစ်ချီလာခဲ့ပါတော့တယ်။ 


ချီတက်လာတဲ့ တရုတ်စစ်တပ်ကို ပုဂံသားတို့ ငဆောင်ချမ်း အရပ်ကနေ ခံတပ်ဆောက်ပြီး ဆီးကြိုတိုက်ပါတယ်။ 


တရုတ်တို့ လူဘယ်လောက် သေသေ ရှေ့တိုးလာတယ်လို့ ဆိုတယ်။ ဒါနဲ့ နောက်ဆုံး ငဆောင်ချမ်းတရုတ်လက် ကျသွားခဲ့တယ်။ 


အဲ့ဒီမှာ နရသီဟပတေ့ ဆင်ခြင်မိတာက 

ပုဂံကနေ တရုတ်ကို ခံတိုက်ရင်ခံနိုင်မည် မဟုတ်။ မြို့ကကျဉ်း၊ အနိမ့်ပိုင်းလည်း ကျတဲ့အတွက် အကုန်ပျက်စီးရလိမ့်မယ်။ ဒါကြောင့် ရွာသာဘက်မှာ ခံတပ်ဆောက်ပြီး တိုက်ဖို့စီစဉ်တယ်။


အုတ် အလုံအလောက် မရှိတဲ့အတွက် 

ဘုရားတွေ၊ ဂူတွေ၊ ကုလားကျောင်းတွေ ဖျက်ပြီး အုတ်ကို ယူပါတယ်။ ဒါပေမယ့် ရွာသာမှာ ခံတပ်ဆောက်ပြီး ခံတိုက်မယ့် အစီအစဉ်လည်း ပျက်ခဲ့ပါတယ်။


အကြောင်းကတော့ သိုက်တဘောင် ကိန်းခန်းများ၌ ပုဂံပြည်ကြီးသည် "သားအမြွှာ" မင်း လက်ထက် ၌ ပျက်စီးရမည်ဟု အဟော ရှိသည်ဟုဆိုကြ၏။


ထို့ကြောင့် ဟင်းစားကြီးပြီး၊ ဒေါသကြီးတတ်သော နရသီဟပတေ့မင်း သည် သူ့ နန်းတော်တွင်းက 

မိဖုရား၊ မောင်းမ၊ ကိုယ်လုပ်တော်များကို စစ်ဆေးသောအခါ ကိုယ်လုပ်တော်ငယ် တစ်ဦးတွင် မကြာမီက သားအမြွှာ အသေဖွားကြောင်း သိရသည်။ 


ဤတွင် သူ့ လက်ထက် မှာ ပုဂံပြည် ပျက်တော့မည်ဟု ယုံကြည်ပြီး စိတ်ဓာတ် အလွန်ကျဆင်းသွားသည်ဟု ဆိုပါသည်။ 


ဒါကြောင့် ဘယ်လိုပဲ ခံတိုက်တိုက် ဖြစ်တော့မည် မထင်၍ တရုတ်တို့ မလာခင် ကြိုတင် ထွက်ပြေးခဲ့ လေသည်။ 


နောက်ဆုံး မင်းကြီးဟာ ရွှေငွေ၊ မောင်းမ၊ ဘဏ္ဍာ၊ ရိက္ခာတွေ လှေထောင်ချီတင်ပြီး သားတော်အကြီးဥဇနာ ရှိရာ ပုသိမ်ကို စုန်ဆင်းခဲ့တယ်။


လှေမဆံ့တဲ့ မောင်းမတွေကို ပထမ တရုတ်တွေ ယူမှာစိုးလို့ ကြိုးနဲ့တုပ်ပြီး ရေမှာမျှောဖို့ လုပ်ပေမယ့် ဘုန်းကြီးက တားတဲ့ အတွက် အသက်ချမ်းသာပေးပြီး အနီးအနားက ရဟန်းရှင်လူ မည်သူမဆို ကြိုက်ရာ ယူစေ ဆိုပြီး ထားပစ်ခဲ့ပါတော့တယ်။ 


ငဆောင်းချမ်းက ဆုတ်လာတဲ့ ပုဂံတပ်တွေ 

ပုဂံလည်း ရောက်ရော မြို့အခွံကြီးပဲ တွေ့တာနဲ့ ပုသိမ်အထိ ဆက်လိုက်ပါတယ်။ နောက်က တရုတ်တပ်လည်း ထပ်ချပ်မကွာ လိုက်ခဲ့သတဲ့။ 


တဖြည်းဖြည်း အောက်ရောက်လာတော့ တရုတ်တပ်တွေ လူကများ၊ ရိက္ခာကရှားနဲ့ ငတ်ပြတ်ကုန်တာနဲ့ နောက်ဆုံး တပ်ခေါက်ပြီး ပြန်လည်ဆုတ်ခွာ သွားခဲ့ကြရတယ်။ 


နရသီဟပတေ့ဟာ တရုတ်ကို ကြောက်လို့ ပြေးတဲ့အတွက် တရုတ်ပြေးမင်းလို့ အမည်တွင်ခဲ့ပါတယ်။ 


နရသီဟလည်း တရုတ်တွေ ပြန်တာနဲ့ ၅ လ အတွင်း ပြည်တော်ပြန်ဖို့ အစီအစဉ် ဆွဲပါတယ်။ သူ့ရဲ့ မိဖုရားငယ်၃ ပါးကမွေးတဲ့ သားတော် ၃ ပါးအနက် အကြီး ဥဇနာက ပုသိမ်စား၊ ဒုတိယသား ကျော်စွာက ဒလစား၊ အငယ် သီဟသူက ပြည်စား ဖြစ်တယ်။ 


သားငယ် ဖြစ်သူ သီဟသူဟာ ဖခင်ကို လုပ်ကြံဖို့ရှိကြောင်း ဥဇနာ သတင်းရပြီး နရသီဟကို လျှောက်ပါတယ်။ ဒါနဲ့ သီဟသူကို ဖမ်းချုပ်စေတယ်။ ဒါပေမယ့် ဖမ်းထားတဲ့ သီဟသူကို သူ့ပြည်က ရဲမက် ငသန်ငယ်နဲ့ ငသတင်းငယ်တို့ ဝင်ခိုးလို့ လွတ်သွားတယ်


နောက် ပြည်မှာ လူစုပြီး ပုန်ကန်ဖို့ ပြင်ဆင်ကြပါတယ်။ မင်းကြီးလည်း အရင်က ဟင်းပွဲ ၃၀ဝ ကနေ၊ 

ယခု အစာရိက္ခာ ရှားတဲ့အတွက် ဟင်းပွဲ ၁၅၀ ဖြစ်သွားရတာကို ဆင်းရဲလှတယ်လို့ညည်းကာ ငိုသတဲ့။


နောက် ပြည်သူတွေလည်း တကွဲတပြား ဖြစ်နေတော့ ပုဂံ ပြန်ရင်ကောင်းမလား၊ ပုသိမ်မှာပဲ လူစုရင် ကောင်းမလား မိဖုရားစောနဲ့ တိုင်ပင်ပါတယ်။ မိဖုရားစောဘုရင့်ကို ပြန်လျှောက်တင်ချက်ကတော့ ရာဇဝင်တွင်ခဲ့ပါတယ်။


-ပြည့်ဝမ်းကိုမဖောက်ရာ၊ 

-ပြည့်ဦးကင်းကို မနှိမ်ရာ၊

-ပြည့်တံခွန်ကိုလည်း မလှဲရာ၊

-ပြည့်မျက်စိကိုလည်း မထုတ်ရာ၊ 

-ပြည့်စွယ်ကိုလည်း မချိုးရာ၊

-ပြည့်မျက်နှာကိုလည်းမဖျက်ရာ၊

-ပြည့်ခြေ ပြည့်လက်ကိုလည်း မဖြတ်ရာ”လို့ လျှောက်ပါတယ်။


ပြည့်ဝမ်းဆိုတာသူဌေး ကုန်သည် တွေပေါ့။ သူ့တို့ပစ္စည်းကို မတရား မဖျက်ဆီးရ၊ မသိမ်းရဘူး။


ပြည့်ဦးကင်းဆိုတာ မှူးမတ်တွေ။ 

သူတို့ကိုမဆင်မခြင် မနှိမ်နင်းရဘူး။


ပြည့်တံခွန်ဆိုတာရသေ့၊ ရဟန်း၊ ပညာရှိ။ 

သူတို့ကို မစူးမစမ်း ဒေါသ မဖြစ်ရဘူး။


ပြည့်မျက်စိဆိုတာ ပိဋကတ်၊ ဗေဒင်ဆရာတွေ။ သူတို့လည်း မနှိပ်ကွပ်ရဘူး။


ပြည့်စွယ်ဆိုတာ မင်းညီမင်းသား။ ဒါတွေလည်း မဆင်မခြင် အမျက်မရှိရဘူး။


ပြည့်မျက်နှာဆိုတာ မိဘ၊ လင်သား၊ မိသားစုတွေ။ ဒါတွေကို အနိုင်မကျင့်ရဘူး။


ပြည့်ခြေပြည့်လက်ဆိုတာ သူရဲကောင်းတွေ။ ဒါတွေလည်း မထောက်မရှု မသတ် ရဘူးပေါ့။


နောက်ဆုံးဘုရင်ကြီးက ပုသိမ်မှာ အင်အား မစုတော့ဘဲ သီဟသူ ရှိရာ ပြည်ရောက်မှ အင်အားစုပြီး နေပြည်တော် ပြန်မယ်ဆိုကာ ပြည်ကို တက်သွားပါတော့တယ်။


 ပြည်ရောက်တော့ သားတော် သီဟသူက နရသီဟလှေကိုဖမ်း၊ စားတော်ပွဲထဲ အဆိပ်ခတ်ပြီး ဖခင်ကို စားစေပါတယ်။ ပြီးဓားဖွေးဖွေးနဲ့ လှေကိုဝိုင်းထားသတဲ့။ 


မိဖုရားစောက ဓားလက်ချက် နဲ့ သေရတာထက်၊ အဆိပ်နဲ့ သေရတာ ပိုသင့်တော်ကြောင်း လျှောက်တဲ့ အတွက် နောက်ဆုံး အစားမက်တဲ့ နရသီဟပတေ့ အဆိပ်ပါတဲ့ အစာကို သိလျက်နဲ့ စားပြီး ကံကုန်ခဲ့ရပါတယ်။ 


ကံမကုန်ခင်မှာနောက်ဆုံးဘုရားမှာ

ဆုတောင်းသွားတာက 

“နောင်ကျင်လည်ရာ ဘဝမှာ 

သားယောကျာ်းလေး မရလို”ဟူ၍ ဖြစ်ပါသတဲ့။


Credit


🌀 Chitthumin 🌀

Comments

Popular posts from this blog

စက္ကူပန်းနန်းတော် အပန်းဖြေဥယျာဉ်

ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေး အသနားခံစာ