ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေး အသနားခံစာ


 လူဦးရေနှစ်သောင်းလက်မှတ်ရေးထိုးထားသည့် ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေးအသနားခံစာကို နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ထံ ပေးပို့ 

===================================================


ဧရာဝတီလင်းပိုင်များနှင့် ရေချိုသယံဇာတများကို အရှိန်အဟုန်မြှင့် ထိန်းသိမ်းရေးကို အလိုရှိသူ (၂၀,၀၀၀) ဦး လက်မှတ်ရေးထိုးထားသော အသနားခံစာကို နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်၊ နိုင်ငံတော် သမ္မတ နှင့် ပြည်ထောင်စု လွှတ်တော် ဉက္ကဌတို့ထံ ပေးပို့တင်ပြလိုက်ပြီဖြစ်ကြောင်း Nature Advocacy မှ ဇန်နဝါရီလ ၁၁ ရက်ကသိရသည်။


 ဩဂုတ်လဆန်းပိုင်းမှ စတင်၍ Nature Advocacy အဖွဲ့မှ campaign director မှ ဦးဆောင်၍ မြန်မာ နိုင်ငံတွင် အခြေချ လုပ်ကိုင်လျက်ရှိသော သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ပညာရှင်များ၊ ဉပဒေ ပညာ ရှင်များ၊ မီဒီယာပညာရှင်များအား နှင့် တောရိုင်းတိရစ္ဆာန်ကာကွယ်ထိန်းသိမ်းရေး တက်ကြွလှုပ် ရှားနေသူ ခေါင်းဆောင်များအား တစ်ဦးချင်းစီ တွေ့ဆုံ၍ ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေးနှင့်ပတ်သက် သော ကောင်းနိုး ရာရာ အကြံပြုချက်များကို ရယူခဲ့ပြီး ထို အကြံပြုချက်များကို စုပေါင်း၍ အသနားခံစာ ကို ရေးသားကာ ပေးပို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


"ဧရာဝတီလင်းပိုင်တွေမျိုးသုဉ်းဖို့ အန္တရာယ်ကျရောက်နေရတာက ရှေးအခါထဲက ကျင့်သုံးခဲ့တဲ့ ပေါ်လ စီတွေက လက်ရှိအခြေအနေနဲ့ မသင့်လျော်တော့တာဟာ အရေးကြီးဆုံး အခန်းကဏ္ဍဖြစ်တာမို့ ဒီပေါ် လစီတွေကို ပြောင်းလဲပေးဖို့ ဝိုင်းဝန်းတောင်းဆိုခြင်းက အများပြည်သူတွေ အိမ်ကနေ ထိုင်ရာမထ ပူးပေါင်းပါဝင်နိုင်တဲ့ အခွင့်အရေးဖြစ်ပါတယ်။ ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေး campaign တွေမှာ မြန်မာနိုင်ငံသား သိန်းသန်းချီပြီး လူမှုကွန်ယက်များပေါ်မှ ပူးပေါင်းပါဝင်ခဲ့တာကို ကျေးဇူးအထူးတင် ရှိပါတယ်။ ထိုသူတွေအနက်ကအဖွဲ့ရဲ့ စွမ်းဆောင်နိုင်ရည်ကို ယုံကြည်သူ ၂၀,၀၀၀ ကျော်ခန့်က ဧရာ ဝတီလင်းပိုင်ထိန်းသိမ်းရေး အသနားခံစာမှာ ပူးပေါင်းလိုကြောင်း အမည်စာရင်းပေး သွင်းခဲ့ပါတယ်" ဟု Nature Advocacy မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 


ထိုအသနားခံစာတွင် ဧရာဝတီလင်းပိုင်ထိန်းသိမ်းကာကွယ်ရေး မဟာဗျူဟာအကျဉ်းချုပ် အချက်ငါး ချက်ကို အသေးစိတ်ရေးသားတင်ပြခဲ့ကြောင်း သိရသည်။


 HNW 


Photo- Save Irrawaddy Dolphins Online Campaign

Comments

Popular posts from this blog

စက္ကူပန်းနန်းတော် အပန်းဖြေဥယျာဉ်

နရသီဟပတေ့ရဲ့ နောက်ဆုံးဆုတောင်း