လွမ်းရအောင် ဝတ္ထုမှ မခင်မမ နေထိုင်ရာ တောင်သာမြို့နယ် ၊ သပွတ်စု ရွာ....

 ခင်မမ နေမကောင်းဘူး ဆိုတော့ မောင်အောင်စိမ်း ရောက်လာပြီး တောင်သာမှာ ထမင်းဝင်စားတဲ့ လမ်းမတော် ထမင်းဆိုင်ပါ။

တောင်သာ နာရီစင် ၊ တောင်သာတောင်နောက်ခံ ၊ ကျောက်ပန်းတောင်း ဘက်သွားတဲ့ လမ်းခွဲကနေ ရိုက်ထားတာပါ။ တောင်သာ တောင်ဂိတ်လို့ခေါ်ပါတယ်။ ကျောက်ပန်းတောင်းကားတွေ ရပ်နားတဲ့နေရာပါ ။ အခုအချိန်တော့ ကားတွေ မထွက်ပါဘူး ။ တစ်ခါတစ်ရံ တော့ထွက်တတ်ပါတယ် ။


ဒါက မောင်အောင်စိမ်း လာစဥ်က ဖြတ်ခဲ့ရတဲ့ ကိုင်းချောင်း ၊ အခုတော့ တံတားတွေဆောက်ပြီးပါပြီ။

ဒါကလည်း ဆီမီးကန်ချောင်းပါ ။ မောင်အောင်စိမ်း လာစဥ်ကတော့ တံတားမရှိ။



မြင်းခြံ - ကျောက်ပန်းတောင်း ဘက်ကလမ်း ၊ သာသာယာယာ တမာတန်း ၊ ထနောင်းတန်း ပေါ့ဗျာ ။

ဒါကတော့ ဝဲလောင်ရွာ အဝင် ဆိုင်းဘုတ် ။

ဝဲလောင်ချောင်းတံတား ။ ဒါက အရင်ကတော့ သဲချောင်းပေါ့လေ။

ဝဲလောင်ရွာ အနောက်ထိပ် ။ တိုက်နယ်ပြည်သူ့ဆေးရုံ ။ မောင်အောင်စိမ်း ကားဆင်းတဲ့နေရာပါ။ ညာဘက်ကို ချိုးရပါမယ် ။ ဘယ်ဘကက်ိုချိုးရင် ကျောက်ပန်းတောင်းဘက်ကို ရောက်ပါမယ်။ ကျနော့်ရွာက ဝဲလောင်အနောက်ဘက် ကပ်ရပ်က ရွာပေါ့ ။ မောင်အောင်စိမ်း ရောက်ခဲ့ရင် ကျနော် ဆရာ့ပရိသတ်တစ်ယောက် ထခုန်မိမတတ် ပျော်မိမှာပါ ။ မခင်မမ နေတဲ့ သပွတ်စုကို သွားဖို့ ညာဘက်ကို ချိုးရမယ် ။ ဆေးရုံမြောက်ဘက်ကနေပေါ့ ။

ဒါက မောင်အောင်စိမ်း လမ်းလျှောက်ဖြတ်တော့ တွေ့ရတဲ့ စေတီငယ်ပါ ။ အခုတော့ ကျောင်းထိုင်ဆရာတော် ရှိနေပါပြီ။ ကျနော်တို့အခေါ် ဘုရားလေးကုန်းကျောင်းပါ ။ သပွတ်စု ရွာ သွားတဲ့ လမ်းဘေးမှာ ရှိပါတယ်။



ဆင်တဲဝချောင်းပါ။ နေ့လယ်နေပူပူဆိုတော့ တောင်သာတောင်ကို လှမ်းကြည့်တာ မမြင်ရပါဘူး။
မောင်အောင်စိမ်း လာစဥ်က ဒီဇင်ဘာ လ လယ်ပါ ။ တောင်သူ သိမ်းချိန်ပေါ့လေ။ အခုတော့ ကြက်သွန်စိုက်ချိန်ပါ ။ မောင်အောင်စိမ်း လာစဥ်က နေပူကြဲကြဲမှာ လမ်းလျှောက်ရတော့ ရန်ကုန်သားကြီး တော်တော်ချွေးထွက်ရှာမှာပဲ။

ဒါကတော့ သပွတ်စုရွာ အဝင်လမ်းမကြီးပါ။ ရွာထဲကို ဝင်တဲ့လမ်းက အဝင်မခံလို့ ရှေ့ဆက်မရိုက်ခဲ့ရပါဘူး ။ ဒါဟာ မခင်မမ နေထိုင်ခဲ့တဲ့ သပွတ်စုရွာပါ ။ အခုတော့ သာယာမြိုင် ဆိုပြီး နာမည်ပြောင်းထားပါတယ် ။ ဒီစာအုပ်ကို တောင်သာနယ်နောက်ခံနဲ့မို့ရော ၊ ကိုယ့်အနီးအနားက ရွာကလေးကို နောက်ခံရေးထားတာမို့ရယ် ၊ ဆရာမင်းလူ ဝတ္ထုတွေ ကြိုက်တာရယ် ၊ ဝတ္ထုကို ကြိုက်တာရယ်ကြောင့် ဖတ်ဖြစ်နေတာ နှစ်ကြိမ်ရှိပါပြီ။ ဖတ်တိုင်းလည်း ဝမ်းနည်းရပါတယ်။ နောက်လည်း ဖတ်ဖြစ်နေအုံးမယ့် ဝတ္ထုတစ်ပုဒ်ပါ ။






Comments

Popular posts from this blog

စက္ကူပန်းနန်းတော် အပန်းဖြေဥယျာဉ်

နရသီဟပတေ့ရဲ့ နောက်ဆုံးဆုတောင်း

ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေး အသနားခံစာ