Posts

ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေး အသနားခံစာ

Image
 လူဦးရေနှစ်သောင်းလက်မှတ်ရေးထိုးထားသည့် ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေးအသနားခံစာကို နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ထံ ပေးပို့  =================================================== ဧရာဝတီလင်းပိုင်များနှင့် ရေချိုသယံဇာတများကို အရှိန်အဟုန်မြှင့် ထိန်းသိမ်းရေးကို အလိုရှိသူ (၂၀,၀၀၀) ဦး လက်မှတ်ရေးထိုးထားသော အသနားခံစာကို နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်၊ နိုင်ငံတော် သမ္မတ နှင့် ပြည်ထောင်စု လွှတ်တော် ဉက္ကဌတို့ထံ ပေးပို့တင်ပြလိုက်ပြီဖြစ်ကြောင်း Nature Advocacy မှ ဇန်နဝါရီလ ၁၁ ရက်ကသိရသည်။  ဩဂုတ်လဆန်းပိုင်းမှ စတင်၍ Nature Advocacy အဖွဲ့မှ campaign director မှ ဦးဆောင်၍ မြန်မာ နိုင်ငံတွင် အခြေချ လုပ်ကိုင်လျက်ရှိသော သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ပညာရှင်များ၊ ဉပဒေ ပညာ ရှင်များ၊ မီဒီယာပညာရှင်များအား နှင့် တောရိုင်းတိရစ္ဆာန်ကာကွယ်ထိန်းသိမ်းရေး တက်ကြွလှုပ် ရှားနေသူ ခေါင်းဆောင်များအား တစ်ဦးချင်းစီ တွေ့ဆုံ၍ ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေးနှင့်ပတ်သက် သော ကောင်းနိုး ရာရာ အကြံပြုချက်များကို ရယူခဲ့ပြီး ထို အကြံပြုချက်များကို စုပေါင်း၍ အသနားခံစာ ကို ရေးသားကာ ပေးပို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ "ဧရာဝတီလင်းပိုင်တွ

နရသီဟပတေ့ရဲ့ နောက်ဆုံးဆုတောင်း

Image
  နရသီဟပတေ့ရဲ့ နောက်ဆုံးဆုတောင်း """""""""""""""""""""""""""📝📝📝📝📝📝 တရုတ်ဧကရာဇ်က နရသီဟပတေ့ထံက  အခွန်ဘဏ္ဍာ တောင်းခံဖို့ သံအဖွဲ့ စေလွှတ်လိုက်တယ်။ ဒါကို နရသီဟက စိတ်ဆိုးပြီး သံအဖွဲ့ကိုအကုန် သတ်စေ အမိန့်ချခဲ့တယ်။  အမတ်တွေကတော့ သံတမန်ကို သတ်တဲ့အလေ့ မရှိကြောင်း ပြောကြပေမယ့် မင်းကြီး နားမထောင်ပါဘူး။ အဲ့ဒီမှာ တရုတ်သံအဖွဲ့ကို သတ်ပစ်တဲ့အတွက် တရုတ်စစ်တပ်ကြီးပုဂံကို စစ်ချီလာခဲ့ပါတော့တယ်။  ချီတက်လာတဲ့ တရုတ်စစ်တပ်ကို ပုဂံသားတို့ ငဆောင်ချမ်း အရပ်ကနေ ခံတပ်ဆောက်ပြီး ဆီးကြိုတိုက်ပါတယ်။  တရုတ်တို့ လူဘယ်လောက် သေသေ ရှေ့တိုးလာတယ်လို့ ဆိုတယ်။ ဒါနဲ့ နောက်ဆုံး ငဆောင်ချမ်းတရုတ်လက် ကျသွားခဲ့တယ်။  အဲ့ဒီမှာ နရသီဟပတေ့ ဆင်ခြင်မိတာက  ပုဂံကနေ တရုတ်ကို ခံတိုက်ရင်ခံနိုင်မည် မဟုတ်။ မြို့ကကျဉ်း၊ အနိမ့်ပိုင်းလည်း ကျတဲ့အတွက် အကုန်ပျက်စီးရလိမ့်မယ်။ ဒါကြောင့် ရွာသာဘက်မှာ ခံတပ်ဆောက်ပြီး တိုက်ဖို့စီစဉ်တယ်။ အုတ် အလုံအလောက် မရှိတဲ့အတွက်  ဘုရားတွေ၊ ဂူတွေ၊ ကုလားကျောင်းတွေ ဖျက်ပြီး အုတ်ကို ယူပါတယ

ပန်းဆိုးတန်းက သေနတ်ဆိုင်

Image
  "ပန်းဆိုးတန်းက သေနတ်ဆိုင်" =================================== ဖယ်ယာလမ်း(phayre street) လို့ အရင်က ခေါ်တဲ့ ပန်းဆိုးတန်းလမ်းမှာ ထင်ရှားတဲ့ အဆောက်အအုံ တွေ အများကြီးရှိပါတယ်။Sofaer အဆောက်အအုံ တွေ၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ Irrawaddy Flotilla စတဲ့ အထင်ကရနေရာတွေ။ ကျယ်ကျယ် လွန့်လွန့်ရှိပြီး သာသာယာယာလမ်းလျှောက်နိုင်တဲ့ပန်းဆိုးတန်းလမ်း။ လမ်းလျှောက်ရင်းနဲ့ ကိုယ့်ကိုကိုယ်သမိုင်းထဲမှာ နှစ်မြှုပ် ထားလို့လည်း ရပါတယ်။ ပန်းဆိုးတန်းဆိုတဲ့လမ်းအမည်က သူ့အနီးအနားမှာ နေ တဲ့ သူတွေရဲ့ အလုပ်အကိုင်ကြောင့် အဲဒီ အမည် နာမ အသုံးတွင်လာခဲ့တာပါ။ မြန်မာစကားလုံး အဓိပ္ပါယ်အရ "ပန်းဆိုးတန်း" ဆိုတာ အဝတ်အစားတွေဆေးဆိုးပန်းရိုက်လုပ်တာကို ဆိုလို ပါတယ်။ ဆေးဆိုးပန်းရိုက်လုပ်ငန်း လုပ်ကိုင်သူတွေနေ တဲ့လမ်း၊ ပန်းဆိုးတန်းလမ်းပေါ့။ နောက်ပိုင်းတော့ ဒီလမ်းကို အောက်မြန်မာပြည် ကော်မရှင်နာ မင်းကြီး ဆာအာသာဖယ်ယာကို အစွဲ ပြုပြီး ဖယ်ယာလမ်း လို့ အမည်ပြောင်းခဲ့ပါတယ်။ လမ်းရဲ့ အပေါ်ဘလောက်မှာ ပြဇာတ်ရုံတွေ ရှိလာပေမဲ့လို့ လူတွေကလမ်းကို ပန်းဆိုးတန်း လို့သာပိုပြီး ခေါ်ဆိုခဲ့ကြတယ်။ အဲဒီ ပန်းဆိုးတန်းလမ်းပေါ်မှာ လက်နက်နဲ့ ခဲယမ်း မီးက
Image
 ကမ္ဘာဂြိုဟ်သည် မကြာသေးမီအချိန်က ပိုမိုမြန်ဆန်စွာ လည်ပတ်နေခဲ့ကြောင်းသိရ။ ====================================         ကမ္ဘာတစ်ဝှမ်းရှိ သိပ္ပံပညာရှင်များက ကမ္ဘာဂြိုဟ်သည် မကြာသေးမီအချိန်က ၎င်း၏ဝင်ရိုးပေါ် တွင်ပိုမိုမြန်ဆန်စွာ ရွေ့လျားနေသည်ဟု မှတ်ချက်ပြုခဲ့ကြပါတယ်။ ၎င်းရွေ့လျားလည်ပတ်မှု သည် မှတ်တမ်းတင်ထားခဲ့သည့်သမိုင်းတလျှောက် အမြန်ဆုံး လည်ပတ်မှု ဖြစ်ခဲ့တာပါ။ သိပ္ပံပညာရှင်အတော်များများက စာနယ်ဇင်းကို ဒီလိုထူးဆန်းတဲ့ဖြစ်ရပ်တွေအကြောင်း ပြောပြခဲ့ကြပြီး အချို့က ဒီလွန်ခဲ့သောနှစ်ကာလတွေမှာ မှတ်တမ်းတင်ထားသည့်တစ်လျှောက် အတိုတောင်းဆုံးနေ့ရက်တွေ ဖြစ်ပေါ်ခဲ့တာ အတွက် အဖြေရှာဖို့ကြိုးစားနေကြပါတယ်။          လူသားတို့၏သမိုင်းကြောင်းအရ အချိန်ကို ၂၄ နာရီ နေ့ / ညသံသရာ လည်ခြင်း ဖြင့် သတ်မှတ်ထားတာဖြစ်ပါတယ်။ ထိုသံသရာလည်ခြင်းက ကမ္ဘာဂြိုဟ်သည် ၎င်း၏ဝင်ရိုးပေါ်တွင် လည်ပတ်သည့်အရှိန်ပေါ်တွင် မူတည်နေတာဖြစ်ပါတယ်။        ထိုအချက်ကြောင့်ပဲ တစ်နေ့တာ၏ကြာချိန်သည် စံပုံစံဖြစ်လာပြီး နေ့ရက်တိုင်းသည်  ခန့်မှန်းခြေအားဖြင့် ၂၄ နာရီ (သို့) စက္ကန့် ၈၆,၄၀၀ (ရှစ်သောင်းခြောက်ထောင့်လေးရာ) စက္ကန့်အထိ ကြာမြင့်တာဖြစ်ပါတယ်။ နေ့နှင့်ညသံသရာသ

ပထမဦးဆုံး မြန်မာ Font ဖြစ်တဲ့ Ava font ကို တီထွင်ခဲ့သူ

Image
  ကွန်ပျူတာမှာ မြန်မာလို ရိုက်နိုင်တဲ့ ပထမဦးဆုံး မြန်မာ Font ဖြစ်တဲ့ Ava font ကို တီထွင်ခဲ့သူ လန်ဒန်တက္ကသိုလ် မြန်မာစာဌာနမှူး (ငြိမ်း) ဆရာ John Okell ဖြစ်ပါတယ်။ ဆရာကြီးရဲ့ မြန်မာအမည်က ဦးလှသိန်းဖြစ်ပေမယ့် ရင်းနှီးသူတွေက ဆရာကြီးရဲ့အမည် Okell ကိုအသံဖလှယ်ပြီး ဆရာအုတ်ခဲလို့လည်းခေါ်လေ့ရှိပါတယ်။ Apple ကွန်ပျူတာတွေမှာ အသုံးပြုဖို့ ‘Ava Laser' Font ကို ၁၉၈၉ ခုနှစ်မှာ ပြုစုပေးခဲ့ပါတယ်။ မြန်မာမှု၊ မြန်မာစာ၊ မြန်မာစကား သင်ကြားရေးမှာ အထူးစွမ်းဆောင်ခဲ့ပြီး ၂၀၂၀ ခုနှစ် သြဂုတ်လ (၃) ရက်နေ့ လန်ဒန်မြို့မှာပဲ ကွယ်လွန်ခဲ့ပါတယ်။ Ref: Wikipedia, VOA #Jacob #BurmeseFont

ကိုဗစ် ကာကွယ်ဆေးဝယ်ဖို့ တပ်မတော် ငွေကျပ်သန်း(၁၀၀၀) လှူဒါန်း

Image
  ကိုဗစ် ကာကွယ်ဆေးဝယ်ဖို့ တပ်မတော် ငွေကျပ်သန်း(၁၀၀၀) လှူဒါန်း ~~~~~ ■ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး ဝယ်ဖို့အတွက် ငွေကျပ်သန်း တစ်ထောင်ကို တပ်မတော်က ဒီကနေ့ လှူဒါန်းလိုက်ပါတယ်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပါအဝင် တပ်မတော်ထိပ်တန်း အရာရှိတွေရဲ့ လစာငွေ တစ်လစာ၊ သာမန် အရာရှိတွေနဲ့ စစ်သည် ဝန်ထမ်းတွေရဲ့ တစ်ရက်စာလစာငွေတွေပေါင်းပြီး အစိုးရဦးဆောင်တဲ့ ကိုဗစ်ကာကွယ်ရေး ရန်ပုံငွေစီမံခန့်ခွဲမှု ဆပ်ကော်မတီကို လှူဒါန်းလိုက်တာလို့ တပ်မတော်က သတင်းထုတ်ပြန်ပါတယ်။ ကိုဗစ်ကာကွယ်ရေးအတွက် လိုအပ်ရင် ဆက်လက်လှူဒါန်းသွားမယ်လို့ လည်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ ကိုရိုနာဗိုင်းရပ်ကာကွယ်ဆေး ဝယ်ယူဖို့ အလှူငွေ စီမံခန့်ခွဲမှုဆပ်ကော်မတီကို အစိုးရဦးဆောင်ပြီး ဒီဇင်ဘာ ၃၀ ရက်နေ့က ဖွဲ့စည်းခဲ့တာပါ။ ထည့်ဝင်တဲ့ အလှူငွေတွေကို နေပြည်တော် မြန်မာ့စီးပွားရေးဘဏ်မှာ ငွေစာရင်း ဘဏ်အကောင့် ဖွင့်လှစ်ထားတယ်လို့ အစိုးရက ထုတ်ပြန်ထားပါတယ်။ အစိုးရရဲ့ ကိုဗစ်ကာကွယ်ဆေးဝယ်ယူရေး အစီအစဉ်အတွက် စီးပွားရေးလုပ်ငန်းရှင်တွေလည်း ပါဝင်လှူဒါန်းနေကြသလို ပြည်ပရောက် မြန်မာနိုင်ငံသားတွေလည်း အလှူငွေတွေကောက်ခံနေကြပါတယ်။ ကိုဗစ် ကာကွယ်ဆ